Thursday, October 31, 2013

စုန်း

စုန်းမအဖြစ် စွပ်စွဲမှုတစ်ခုကို ပါပူအာရဲတပ်ဖွဲ့အတည်ပြုရန် ခက်ခဲနေ ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရ စုန်းမအဖြစ် စွပ်စွဲမှုတစ်ခုကို ပါပူအာရဲတပ်ဖွဲ့အတည်ပြုရန် ခက်ခဲနေ စုန်းမဆိုသော အယူအစွဲမျိုးသည်ယနေ့ခေတ်တွင် အမှန်တရားအဖြစ် လက်ခံနိုင်ရန် ခက်ခဲသွားသည့် ခေတ်နောက်ပြန်ဆွဲမှုမျိုးဟု ဝေဖန်ခံရမည့် အခြေအနေ ရှိနေသည်။ သို့သော်လည်း ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရသည်။ စုန်းမအဖြစ် စွပ်စွဲခံရသော အဆိုပါ အမျိုးသမီးသည် ကလေးများကို သတ်ဖြတ်ကာ နှလုံးသားကို ထုတ်စားလေ့ရှိကြောင်း လူပြောများလာသည့်နောက် ဒေသတွင်းရှိ ရွာသားများက သူမကို ဝိုင်းဖမ်းဆီးခဲ့ကြသည်။ ထို့နောက် စုန်းမကို ရွာသားများက ဖမ်းဆီးကာ နှိပ်စက်ညှင်းဆဲခဲ့ကြသည်။ ထိုသတင်းကို ကြားသိရသည့်နောက် ပါပူအာ ရဲတပ်ဖွဲ့သည် အမျိုးသမီးကို ကယ်တင်ရန်အတွက် အဆိုပါရွာသို့ သွားရောက်ကယ်တင်ခဲ့ရသည်။ ရွာသားများက သူမကို တစ်ကိုယ်လုံးချွတ်ကာ မီးရဲနေအောင် ဖုတ်ထားသည့် သံချောင်းများဖြင့် ထိုးနှက် နှိပ်စက်ခဲ့သော်လည်း စုန်းမသည် လုံးဝ နာကျင်ဟန်မပြကြောင်း မျက်မြင်တစ်ဦးကပြောကြားခဲ့သည်။ ရဲများရောက်ရှိလာချိန်တွင် အမျိုးသမီးက မိမိသည် နှိပ်စက်သူများကို သတ်ဖြတ်ပြီး ဒဏ်ပေးသည့် အနေဖြင့် ၎င်းတို့၏ နှလုံးများကို ဖောက်ထုတ် စားသောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ကလေးတစ်ဦးကို သတ်ဖြတ်ကာ အသည်းဖောက်စားခဲ့ကြောင်း ရွာသားများက စွပ်စွဲခဲ့သည့် သက်လတ်ပိုင်း အမျိုးသမီးနှင့် ပတ်သက်ပြီး စုံစမ်းနေဆဲသာဖြစ်ကြောင်း ရဲများက ဆိုသည်။ မျက်မြင်များ၏ အဆိုအရ ညှင်းပန်းနှိပ်စက်သူများသည် စုန်းမ၏ ခန္ဓာကိုယ် အနှံ့သို့ မီးရဲရဲ သံချောင်းဖြင့် ထိုးခဲ့သလို ဘယ်ဖက်နားရွက်ကို ပလာယာဖြင့် ညှပ်ထုတ်ခဲ့ကြောင်း သိရသည်။ ရင်ဘတ်တွင်လည်း သံချောင်းဖြင့် အစိုက်ခံရပြီး သွားတစ်ချောင်းလည်း ကျွတ်သွားသည်။ သို့သော်လည်း သူမသည် နာကျင်ဟန် မရှိဘဲ ဒေါသတကြီး အော်ဟစ်ကာ နှိပ်စက်သူ အချို့ကို သတ်ဖြတ်ပြီး နှလုံးများ ဖောက်စားခဲ့ကြောင်း မျက်မြင်အများအပြားက ပြောဆိုနေကြသည်။ယင်းဖြစ်ရပ်သည် ချဲ့ကားစကား ဟုတ်မဟုတ် ရဲများက ထဲထဲဝင်ဝင် စုံစမ်းလျှက်ရှိသည်။ "အသားထဲ သံချောင်းစိုက်ဝင်သွားတာတောင် လုံးဝ နာပုံမရဘူး။ ပြီးတော့ သူသတ်မယ့် လူစာရင်းကိုလည်း နာမည်တွေ တန်းစီပြီး အော်နေသေးတယ်"ဟု မျက်မြင်တစ်ဦးကဒေသခံ သတင်းစာ တစ်စောင်သို့ ပြောကြားခဲ့သည်။ ထို့နောက် လူအများက စုန်းမကို မီးတင်ရှို့ရန် ပြင်ဆင်နေစဉ် ရဲများ ရောက်ရှိသွားခြင်း ဖြစ်သည်။ ပါပူအာတွင် စုန်းအတတ်နှင့် စပ်လျဉ်းသော ယုံကြည်မှုများ ရှိနေဆဲဖြစ်ပြီးပြီးခဲ့သည့် လကလည်း ရူးသွပ်နေသော အမျိုးသား တစ်ဦးသည် သမီးဖြစ်သူ၏ လည်ပင်းကို ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ပြီး ဒဏ်ရာမှ စီးကျလာသည့် သွေးများကို သောက်ခဲ့သဖြင့် အောက်လမ်းစီရင်မှု တစ်ခုအဖြစ် လူပြောများခဲ့သေးကြောင်း သိရှိရသည်။ Planet Myanmar NetworkTimeline Photos  · 10 hours ago · ""View Full Size  · Send as Message  · Report Photo ""
Published with Blogger-droid v2.0.10

No comments:

Post a Comment